အချစ်ဖြတ်ဆေး

အချစ်ဆိုတာ..ထင်သလောက်အရေးမပါဘူး..
ခင်ဗျားတို့အတွက် ခါးမယ့်ဆေး.......
သကြားလေးတောင် မအုပ်ပဲကြွေးလိုက်တယ်..။
အစကတော့ အချစ်ဆိုတာ မရှိမဖြစ်အရာပဲ...
ပိုပြီး အဆင့်မြှင့်လိုက်မှ ဇိမ်ခံပစ္စည်းဖြစ်သွားတယ်.။
ဝတ္ထုတွေက အချစ်အကြောင်းပါမှ ဖတ်ကောင်းတယ်...
ရေမွှေးပုလင်းလည်း ဆိုင်ဆိုင် မဆိုင်ဆိုင် ........
အချစ်နာမည်...တပ်ထားတယ်.......
ဖေဖေါ်ဝါရီ ၁၄ လည်း အချစ်နာမည်တပ်မှ လူစည်တယ်..
တကယ်တော့ ဘာမှမဟုတ်ဘူး.....
လူတွေက အချစ်ကို အရသာခံချင်နေတာ..။
ထိခိုက် ၀မ်းနည်းဖွယ်ရာတွေ လူတိုင်းမှာရှိတာပေါ့....
ဒါကို တသသ လုပ်နေရင်တော့ ကြီးထွားလာမှာပဲ....
ဒီလိုပဲ...ဖြတ်သန်းနေကြတာလေ............
ငါ့ကျမှ ဖြစ်ရလေခြင်းလို့ တွေးရင်တော့..........
အဲဒါဟာ....ကိုယ့်ကိုကိုယ် သနားတတ်တဲ့ရောဂါပဲ..။
ပေါတောတော...ရုပ်ရှင်တွေထဲကလို......
အိပ်ရာကြီးပေါ်တတ်ပြီး...မျက်ရည်ကျနေတာက..ဇိမ်ခံနေတာပဲ..
အချစ်ကို ခုတုံးလုပ်ပြီး လူအသနုားခံချင်စိတ်မွေး....
ကိုယ့်အပျင်းကိုယ်....အားပေးနေကြတာပါ...။
အစွန်းမရောက်ဖို့...ပြောနေတာ..........
ဦးနှောက်သမားတွေက...အချစ်ကို..
လှေကားတစ်စင်းလို ကြည့်တယ်.....
သူ့ ကိုသုံးပြီး အပေါ်ဘယ်လိုတက်ရမလဲရှာတယ်....
နှလုံးသား သမားတွေက..အချစ်ကို...
ဆိုဖာ တစ်ခုလို အသုံးပြုနေတယ်...
အားအားရှိ..အဲ့ဒီအပေါ် တက်ခွေနေကြတယ်...။
ကဗျာဆရာတစ်ယောက်က ပြောဖူးတယ်...
အချစ်ဆိုတာ.......အဖန်တရာတေအောင်..
လူတွေပြစ်မှား ..အပြောများလွန်းလို့....
အပေါစား ဖြစ်သွားတဲ့ “ စကားတစ်လုံး ” တဲ့...
ကဲ....စဉ်းစားမိတဲ့...အဖျားဖြတ်ဆေးလေး....
ခင်ဗျားတို့ကို လက်ဆင့်ကမ်းပေးလိုက်တယ်...။ ။
                                                        ဇာနည်

နင်သိပါတယ်
ချစ်သူ………………
ငါ့ရဲ့  မျက်ရည်တစ်စက်ဟာ
မင်းအတွက် ဟာသတစ်ပုဒ် ဖြစ်ပါစေ။

ငါ့ရဲ့ နှလုံးသွေးတစ်စက်ဟာ
မင်းအတွက် အားဆေးတစ်ခွက် ဖြစ်ပါစေ။

ငါ့ရဲ့ နာကျင်ကြေကွဲမှုတစ်ခုဟာ
မင်းအတွက် ပျော်ရွှင်မှုတစ်ခု ဖြစ်ပါစေ။

ငါ့ရဲ့ အချစ်တွေဟာ
မင်းအတွက် လှေကားထစ်သဖွယ် ဖြစ်ပါစေ။

ငါ့ရဲ့ ကျရှုံးမှုတိုင်းဟာ
မင်းအတွက် အောင်နိုင်မှုတွေ ဖြစ်နေပါစေ………………
ငါကျေနပ်တယ် ချစ်သူ…………………
ငါကျေနပ်တယ်။

ချစ်စ ချစ်ဆုံး
မူမမှန်တော့တဲ့ရင်ခုန်သံနဲ့ 
ကိုယ့်ရဲ့  အဖြူဆန်အချစ်တွေပြောင်းလဲသွားချိန်မှာပဲ
မင်းရဲ့ တယူသန်အတွေးနဲ့  
ကိုယ့်ကို မတူမတန်ဆက်ဆံပြီး
လူမဆန်သလိုပြောရက်ခဲ့တယ်နော်
အတုမဲ့စွာ ချစ်ခဲ့ပါသည်
ချစ်ခြင်းရဲ့ အား 
အမုန်းမြားနဲ့ ရှုံး သွားတဲ့ကိုယ် 
ပစ်ရင်းပြိုကျ ငိုပါရစေ 
ကိုယ်ငို ပါရစေ 
ချစ်သူရယ်....
(ပိုင်ရှင် )

အမုန်း

ပြောမပြချင်ဘူး
ဓါးထက်ထက်နဲ့ ရင်ကိုမွှမ်းနေသလို
အပြောကြွယ်ကြွယ်နဲ့ နှလုံးသားကိုကိုက်စားနေတတ်တဲ့
ပိုးဟပ်ဖြူတစ်ကောင်လို
ငါ....လေ..
နက်နက်နဲနဲ..
မျက်နှာလွှဲနေပါ့မယ်.........

                (နတ်ဆိုး)

မြင်လှည့်ပါ...
မင်းရဲ့ဘေးမှာရှိတဲ့ငါ့ကိုလေ။
ပြောလှည့်ပါ...
မင်းရဲ့ဘ၀မှာ ရင်ဖွင့်စရာတွေကြုံလာတဲ့အခါ။
ခေါ်လှည့်ပါ...
ငါ့ရဲ့အကူအညီကို မင်းလိုလာတဲ့အခါ။
ထားခဲ့ပါ...
ငါ့ထက်ပေးဆက်နိုင်တဲ့ သူကိုမင်းတွေ့သွားတဲ့အခါ။

(ထူးမြတ်)

နင်မဟုတ်တဲ့ သူ...သူမဟုတ် တဲ့ နင်

ငါနင့်အကြောင်းတွေးပြီးငိုနေချိန်မှာ
နင်မဟုတ်တဲ့ သူက
ငါ့အကြောင်းတွေးပြီးငိုနေတယ်တဲ့ 
ငါနင့်ကိုအရမ်းလွမ်းနေချိန်မျာ
နင်မဟုတ်တဲ့ သူက
ငါ့ကိုအရမ်းလွမ်းနေတယ်တဲ့ 
ငါနင့်ကိုသေလောက်အောင်တွေ့ ချင်နေချိန်မှာ
နင်မဟုတ်တဲ့ သူက
ငါ့ကိုတစ်ရက်လောက်မတွေ့ ရရင်ကိုမနေနိုင်ဘူးတဲ့ 
ငါနင့်ဆီဖုန်းခေါ်ဖို့ မ၀ံ့ မရဲနဲ့ တွေဝေနေချိန်မှာ
နင်မဟုတ်တဲ့ သူက
ငါ့ဖုန်းတွေကိုတိတ်တဆိတ်မျှော်နေခဲ့ တယ်တဲ့ 
ငါနင့်အချစ်တွေပြန်ရဖို့ တိတ်တဆိတ်မျှော်လင့်နေချိန်မှာ
နင်မဟုတ်တဲ့ သူက
ငါ့အချစ်တွေရဖို့ ရင်မောစွာနဲ့ စောင့်မျှော်နေတယ်တဲ့ 
ငါနင့်ကိုငါ့အသက်ထက်ပိုချစ်တယ်လို့ ပြောတဲ့ အချိန်မှာ
နင်မဟုတ်တဲ့ သူက
သူကငါ့အတွက်မွေးဖွားလာတာပါတဲ့ လေ
ငါနင့်ကြောင့်အရမ်းကိုစိတ်ညစ်နေချိန်မှာ
နင်မဟုတ်တဲ့ သူကငါပြုံးပျော်လာအောင်ကြိုးစားပေးနေခဲ့ တယ်
သူ့ ရင်ထဲမှာတော့ ငါမှငါဆိုပေမယ့်
ငါရင်ထဲမှာတော့ နင်ကခုထိရှင်သန်နေဆဲပါ
နင်ရင်ထဲမှာရောငါမဟုတ်တဲ့ ဘယ်သူကခိုဝင်နေမလဲ
ဒါပါပဲ
အချစ်ဆိုတာအမြဲတမ်းတစ်ဖက်သတ်ဆန်နေတတ်တာလား
ငါသေချာမသိပေမယ့်
သေချာတဲ့ ငါ့ရင်ထဲမှာတော့ နင်ကရှိနေပြန်တယ်
ငါနင့်အပေါ်
ပေးဆပ်တာတွေများလာတော့ 
ဘေးပတ်ဝန်းကျင်သူငယ်ချင်းတွေကတောင်
ငါ့ကိုရယူမှုလေးတွေမပိုင်ဆိုင်ချင်ဘူးလားတဲ့ 
ငါလဲလူသားတစ်ယောက်ပါပဲ
ဘာသားနဲ့ ထုထားတာမလို့ လဲ
ရယူပိုင်ဆိုင်မှုတွေကိုတောင့်တမိပေမယ့်
ရယူပိုင်ဆိုင်ပြီးစိတ်ညစ်နေတာထက်စာရင်
ပေးဆပ်ပြိးနင့်အနားမှာစိတ်ချမ်းသာစွာနဲ့ 
နေချင်ခဲ့ တာ ငါ့ရဲ့ ဆန္ဒပါ
မဖြစ်နိုင်ဘဲတစ်ဖက်သတ်ရူးနေတယ်ဆိုတာသိပေမယ့်
ငါနင့်ကိုမေ့ လို့ မရနိုင်လို့ နင်ပြန်လာမယ့်လမ်းကိုမျှော်နေမိတယ်
ငါ့အနားမှာပေးဆပ်တဲ့ ....သူ...က
လိုအပ်တိုင်းဘေးနားမှာရှိနေတတ်ပြီး
နင်ကတော့ ငါရဲ့ အဝေးဆုံးကိုပြေးထွက်သွားခဲ့ တယ်...
ခုတော့ လဲငါတစ်ယောက်တည်းပါပဲချစ်သူ......
အရာရာနင့်စိတ်ကြိုက်ငါ့အပေါ်စီမံခဲ့ တဲ့ ချစ်သူ
ခုရောငါဘာဆက်လုပ်သင့်လဲဆိုတာ...စီမံပေးခဲ့ ပါအုံး
ချစ်သူ....................

                                    (မွန်ရည်)

လမင်း

ဘ၀တစ်ခုကို အဆုံးသတ်
အချစ်သစ်ဆီ ရှေးရှုတဲ့ သူမ
အလွမ်းတွေတော့
ယုမသွားခဲ့ဘူး။
နင့်ရဲ့ မေ့လျော့မှုကြောင့်
အရိပ်တစ်စုံရဲ့ အနာဂတ်မှာ

ငါလေ….
ငိုကြွေးခြင်းကို သင်ယူရင်း
နေ၀င်ချိန်တွေကို မုန်းတက်ခဲ့ပြီ။။

                                    ဇာနည်

ကဗျာလေးတွေကို လဲ ခံစားချက်ခြင်း ဖလှယ်နိုင်အောင် ရေးပေးသွားပါအုန်းနော်

Date: 15/12/2012

By: thazinswe7

Subject: poem


စိန်ခေါ်သံ


ဒီမှာချစ်သူ
လူအများရဲ့ ရှေ့မှာ အံ့ သြ စရာ ကောင်းလောက်အောင်
ရထားတွဲကြီးကိုဖျောက်ပြနိုင်တဲ့
မျက်လှည့်ဆရာ ဒေးဗစ် ကော်ပါဖီးကို တွေ့ ရင် ပြောပြလိုက်စမ်းပါ
ကိုယ့်ရင်ထဲမှာရှိတဲ့ မင်းအပေါ်ထားရှိတဲ့ အချစ်တွေကို ပျောက်အောင် ဖျောက်နိုင်ရင်
ကြိုက်ကြေးပေးမယ်လို့။

Date: 28/06/2012

By: whitelovevirus

Subject: myanmar

အချစ်ကို ကြောက်တယ်

Date: 22/06/2012

By: maythazinphyu

Subject: myanmar

အချစ် .....အချစ်............လို.အော်ပြီး ရူးသွားတဲ.သူတွေကိုသနားတယ်

Date: 26/03/2012

By: thazinswe7

Subject: မှားလို့ပြန်ပြင်မလို့

ရလာဒ်
တကယ်ပါ ချစ်သူ
ဘ၀တစ်ခုလုံးကို အရင်းတည်
မျှော်လင့်ခြင်းတွေကို တူးဆွ
ချစ်ခြင်းတွေ ကိုမျိုးစေ့ ချပြီး
အတ္တ နဲ့ မာနတွေကိုရှင်းလင်း
အနစ်နာခံပေးဆပ်ခြင်းများစွာကို
မြေသြဇာ အဖြစ် ချကြွေးတာတောင်
သံယောဇဉ် အမြစ်တွယ်ပြီးကာမှ
ဥပေက္ခာ အသီးတွေပဲ သီးလာတာ
ငါရင်နာတယ် ...။
( ကျောက်ဆည် တက္ကသိုလ်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည် ကဗျာရှင် ကလောင် မေ့လို့ ခွင့်လွှတ်ပါရန်)

Date: 16/03/2012

By: thazinswe7

Subject: ကဗျာ

ရလာဒ်


မျှော်လင့်ချက်တွေကို အရင်းတည်
ချစ်ခြင်းတွေ မျိုးစေ့ချပြီး
အတ္တ မာနတွေကို ရှင်းလင်း
အနစ်နာ ခံပေးဆပ်ခြင်းများစွာကို
မြေသြဇာ အဖြစ်ချကျွေးတာတောင်မှ
သံယောဇဉ် အမြစ်တွယ်ပြီးကာမှ
ဥပေက္ခာ အသီးတွေပဲ သီးလာတာ
ငါရင် နာတယ်........။
(ကဗျာချစ်သူများ အတွက် ကျောက်ဆည် တက္ကသိုလ် မဂ္ဂဇင်း မှ ကူးယူဖေါ်ပြခြင်းဖြစ်သည် )

Date: 16/03/2012

By: thazinswe7

Subject: POEM

အချစ်ငါ့ဆီမလာပါနဲ့

အချစ် မင်းဟာကြောက်စရာကောင်းတယ်
အချစ် မင်းဟာ လူတွေကို လှည့်စားတယ်နော်
အချစ် မင်းဟာ လူတွေကို တစ်ခါတစ်လေ မှာ ပျော်ရွှင်စေပါတယ်နော်
အချစ် မင်းဟာ တော်တော်နားလည်ရခက်တယ် နော်
ဒါ့ကြောင့်...
အချစ် မင်းဟာ ငါသိပ်ကြောက်တဲ့ အရာပါကွာ ...။
(ပိုင်ရှင်)

Date: 10/03/2012

By: thazinswe7

Subject: ကဗျာရေးချင်စိတ်ပေါ်လာလို့



တော်ဝင်ပန်းရဲ့ ရာဇ၀င်

သဇင်ဟာ မာနမကြီးတတ်ပါ
သဇင်ဟာ အမြင့်မှာရှိနေတယ်ဆိုပေမဲ့
သူနှစ်သက်တဲ့ လေလာချိန်
သူချစ်တဲ့မြေကြီးပေါ်မှာ
သူမြတ်နိုးစွာ ကြွေခဲ့တာကို
ဘယ်သူမှ
အိုကွာ.........
သူကိုယ်သူတောင်မှ မသိခဲ့ပါဘူးလေ........။


Date: 28/10/2011

By:ွ့ထူးမြတ်

Subject: Chemistry(Yadanarpon University)

စွဲလမ်းနေသော
ကိုယ့်ရဲ့စိတ်ကို
နှစ်သိမ့်ဖို့ရာ
အဖြေရှာနေလည်း...
မင်းကလွဲလို့
နှစ်သိမ့်ဖို့ရာ မရှိပါ....

Date: 28/10/2011

By:ံGhost

Subject: Myanamar

ငါဟာမင်းရင်မှာ ဝေနေရတဲ့
သစ်ရွက်ဝါလေး တစ်ရွက်ပါ...
ခြွေရင်ချွေပါသခင်
ဒါပေမယ့်...
မင်းရင်မှာပဲ ကြွေနေပါရစေ...နွေ...

New comment